သင့္စာတိုက္လိပ္စာသိုႚ အရောက် နေႚစဉ် ပိုႚပေးပၝမည်။
Name E-mail
Subscribe Unsubscribe
Donate to Support MoeMaKa
သင်နှစ်သက်တဲ့ မိုးမခက စာမူကို
၁ ဒေါ်လာ လှူပြီး ကူညီပါ
Please show your support -
One Dollar Donation to
Your favorite MoeMaKa’s article
ဧရာဝတီမြစ်ဆုံ ရေကာတာတည်ဆောက်မှုကို ကန့်ကွက်ကြတဲ့တချိန်ထဲမှာ လက်ရှိကြံ့ဖွံ့အစိုးရ တာဝန်ရှိဝန်ကြီးတပါးက ရေကာတာ တည်ဆောက်မှု ကန့်ကွက်ကြသူတွေအပေါ် ရည်ညွှန်းပြောဆိုတဲ့စကားကိုကြားတော့ ကျနော် တော်တော်လေး စိတ်ပူလာမိပါတယ်။ အား လုံးသိကြတဲ့အတိုင်း အဲဒီပုဂ္ဂိုလ်သုံးနှုန်းပြောဆိုသွားတဲ့စကားက တိုင်းပြည်တခုရဲ့ တာဝန်ရှိလူကြီးတဦးပြောတဲ့လေသံမျိုး အသုံးအနှုန်းမျိုး မဟုတ်ဘူးဆိုတာ။ သူ ဒီလို ဘာပြုလို့ပြောလိုက်တာလည်း။ သူ ဒီလောက်အထိ နိမ့်နိမ့်ကျကျ ပက်ပက်စက်စက်ပြောထွက်ရဲတာ ဘာ့ ကြောင့်လည်း။ ဒီအချက်ကိုတွေးမိတဲ့အခါ အထက်ကပြောခဲ့သလိုပဲ ကျနော် တော်တော်လေးစိတ်ပူလာရတယ်ဆိုပါတော့။ မြစ်ဆုံရေကာတာတည်ဆောက်နေတာဟာ ကျနော်တို့ရဲ့ သွေးချင်းများစံပျော်ရာ ကချင်ပြည်နယ်ထဲမှာပါ။ အခု အဲဒီရေကာတာတည် ဆောက်မှုဟာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုဖြစ်စေတယ်။ အထူးသဖြင့် ဧရာဝတီမြစ်ကြီးကို ဖျက်ဆီးပစ်သလို ဖြစ်လိမ့်မယ်ဆိုပြီး အချက် နဲ့ အလက်နဲ့ ကိုးကားတင်ပြကန့်ကွက်ကြတာက တပိုင်း၊ ဒေသခံလူမျိုးစုတွေရဲ့ သဘောဆန္ဒကို ယူသင့်တယ်ဆိုတဲ့အပိုင်းက တပိုင်း။ ဒီလို အပိုင်းလိုက်စဉ်းစားတဲ့အခါ ဟိုးလွန်ခဲ့တဲ့ (၁၅) နှစ်လောက်က အာဖရိကတိုက်၊ နိုက်ဂျီးရီးယားနိုင်ငံမှာလည်း ဒီလိုပဲ ကျနော်တို့ အခုဖြစ် နေတဲ့ပြဿနာမျိုးပဲ ဖြစ်ပွားခဲ့တာ သွားပြီးတွေးမိပါတယ်။
ရွှေဝါရောင်တော်လှန်ရေးအတွက် ပေးဆပ်ခြင်းရဲ့ ရလဒ်
ဦးလင်း(ကပ္ပိယကြီး)
စက်တင်ဘာ ၂၉၊ ၂၀၁၁
ရင်ထဲမှာအစ်နေဆဲ…။ ပစ်ခတ်တဲ့ သေနတ်သံတွေနဲ့ အတူရွတ်ဖတ်နေတဲ့ မေတ္တာသံတွေက လျှံနေဆဲ…။ ပြည့်အန်နေတဲ့ မျက်ရည်တွေကြားမှာတော့ နီစွေးစွေးသွေးကွက်ကြီးနဲ့ ပရမ်းပတာ ဖိနပ်တွေက ရွှေ့လို့မရ ဖယ်လို့မရနဲ့..။ လေးနှစ်ကြာခဲ့ပြီဆိုပေမဲ့ ပြေးလွှားနေကြတဲ့ သင်္ကန်းဗလာနဲ့ ပုံရိပ်တွေက ခန္တီစပါရမီတွေကို နှောက်ယှက်နေဆဲပါပဲ…။
အော် ရွှေဝါရောင်ပန်း မေတ္တာလွှမ်းသော်လည်း နွမ်းကြွေခဲ့ရပေပြီ။ အဘယ်ကြောင့်များ--ရွှေဝါရောင်ပန်း လန်းဆန်းသော်လည်း လက်ကမ်းကြိုသူ မဲ့ခဲ့ရသလဲ…။ ဒီညမှာလဲ ကျနော် တွေးနေဆဲပါ။
အကျဉ်းသားများထပ်လွှတ်ပေးမည်ဟု နိုင်ငံခြားရေးဝန်ကြီးပြောဆို
AFP သတင်းဌာန
စက်တင်ဘာ ၂၈၊ ၂၀၁၁
ကုလသမဂ္ဂတွင် မြန်မာနိုင်ငံခြားရေး ၀န်ကြီးက အကျဉ်းသားများကိုထပ်လွှတ်ပေးဦးမည်ဟု ယမန်နေ့က ပြောဆိုလိုက်သည်၊ ထိုအထဲတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်မှုရှိမရှိကို ရှင်းလင်းခြင်း မရှိပါ။
အရပ်သားအစိုးရ အာဏာရပြီးနောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ပထမဦးဆုံး ပြောကြားသည့် မိန့်ခွန်းတွင် နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က နိုင်ငံတကာ၏ဒဏ်ခတ်ပိတ်ဆို့မှုများ ရုတ်သိမ်းရန်လည်း ပန်ကြားလိုက်သည်။
နိုင်ငံတကာတွင် မျက်နှာကောင်း ရစေရန်အတွက် ဆက်လက် ပြောကြားသည်မှာ - စစ်တပ်ကထောက်ခံသည့် သမ္မတဦးသိန်းစိန်ထုတ်ပြန်သော ပထမအကြိမ် လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား နှစ်သောင်းဝန်းကျင်ကို လွှတ်ပေးလိုက်ပြီးဖြစ်သည်ဟု ဆိုသည်။
ငြိမ်းချမ်းရေး
နီလွင်သွေး(ဒဿနိက)
စက်တင်ဘာ ၂၇၊ ၂၀၁၁
ငြိမ်းချမ်းရေးဆိုတာ
လက်တဖက်ထဲနဲ့လက်ခုပ်တီးသလိုမျိုး
မဟုတ်ဘူး ။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းက
သူမသေခင် ငြိမ်းချမ်းရေး ရသွားတာမြင်ချင်တယ်တဲ့
ဆရာဒဂုံတာရာလည်း ငြိမ်းချမ်းရေးလှုပ်ရှားမှုလုပ်ရမယ်လို့ ပြောပြီ ။
လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှု
ပြည်သူ့အကျိုးစီးပွါးကို ရှေးရှု့မျှော်မှန်း
ငြိမ်းချမ်းရေးခရီးရှည်လမ်းကို
ခက်ခက်ခဲခဲဖြတ်သန်းလို့ ။
မိုးမခ မိတ်ဆွေများ
သည်နေရာမှာ လူထုပန်ကြားလွှာကို
လက်မှတ်ထိုး ထုတ်ဖော်ကြပါ ...
လက်မှတ်စာရင်း စစ်ပြီးသမျှ လေ့လာရန်၊ တပတ်တခါ တင်ဆက်သည်။
အမေရိကန်၊ စင်ကာပူဒေါ်လာနဲ့ မြန်မာကျပ်ရာဇ၀င်
လက်ဖျားသံနှော မြန်မာတယော - အပိုင်း (၁)
စာပေစိစစ်ရေးအဖွဲ့ မရှိသင့်
လိမ်ညာနေတဲ့ နဂါးအနီ
စွယ်စုံရအနုပညာရှင် မြတ်လေး
လူငယ်များရဲ့ ဧရာဝတီလှုံဆော်ပွဲ
အပြောင်းအလဲဖြစ်ဖို့အတွက် အပြင်အဆင်တွေ ရှိပြီလား
ကျနော့်ရင်ထဲ ပူနွေးနေဆဲ ကျောက်ဖြာရွာ
ပြင်ဆင်ပြီးမှ တရုတ်ကို ချပါ
ရွှေဝါရောင်အောက်မေ့ဖွယ်ရာ